မင်းဘူး ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပတ်သက်၍ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ကာလအပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းရန် ကြာမြင့်ချိန်ကာလများကို ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကောလာဟလ သတင်းများနှင့် သတင်းတု သတင်းအမှားများအကြောင်းကို ရှင်းလင်းပြောကြားကာ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်နှင်းဝတ်ရည်က ပြည်သူ့စစ်ထမ်းခြင်းနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်းလူဦးရေ အယောက်(၂၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)