ရေနံချောင်းမြို့ သူဌေးကုန်းရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရေနံချောင်း ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာနှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်ပြီး ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက သူဌေးကုန်းရပ်ကွက် ယာကြီးပြင်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်မြတ်နိုးတင်နှင့် ဌာနဆိုင်ရာအဖွဲ့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စစ်မှုထမ်းရမည့် အသက်အရွယ်ကန့်သတ်ချက်၊ အချိန်ကာလသတ်မှတ်ချက်၊ ကင်းလွတ်ခွင့်ပြုသည့် လူပုဂ္ဂိုလ်ဆိုင်ရာအချက်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်နေစဉ် ရရှိမည့်အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဖြစ်ပေါ်နေသည့် သတင်းတု၊ သတင်းမှားများ စသည့်အကြောင်းအရာများကို အသီးသီးရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)