ပေါင်းတည် ဖေဖော်ဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အဆင့် မကျန်းမာသော ကလေး အသက်(၂)လမှ (၅)နှစ်အထိ ပေါင်းစည်းကုသခြင်းလုပ်ငန်းနှင့် ကလေးသေဆုံးမှုဆိုင်ရာစောင့်ကြပ်လေ့လာခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်း သင်တန်းများကို စတင်ဖွင့်လှစ်ပို့ချသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းသန်းချစ် တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသားများဖြစ်သော မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများ စုံညီစွာ တက်ရောက်ကြသည်။
ထိုသင်တန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက အနီးကပ်လမ်းညွှန်ကြီးကြပ်ကာ ဒေါက်တာသူရထွန်းနှင့် ကျန်းမာရေးမှူးများက ဆွေးနွေးပို့ချကြမည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၃ ရက်နေ့အထိ ၅ရက်တာ သင်တန်းနှင့်မတ်လ ၅ ရက်မှ မတ်လ ၆ ရက်အထိ တစ်ရက်တာသင်တန်းတို့ကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)