ရွှေဘို သူနာပြုသင်တန်း​ကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုး​ရေး   လူငယ်စကားဝိုင်း ကျင်းပ

​ရွှေဘို ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​ရွှေဘိုသူနာပြုသင်တန်း​ကျောင်းတို့ ပူးပေါင်းကျင်းပ​သော ဗလငါးတန်ဖွံ့ဖြိုး​ရေးလူငယ်စကားဝိုင်းကို ယမန်နေ့ ​နေ့လယ်ပိုင်းက အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ​ရွှေဘိုသူနာပြုသင်တန်း​ကျောင်း၊ ​ကျောင်းအုပ်ဆရာမကြီး​ဒေါ်​ကေသွယ်မိုး ကအဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်​အေးမြမွန်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်​အေးမြင့်စန်းကဆောင်ရွက်ပြီး  မောင်ခိုင်စိုးလွင်က (လူငယ်နှင့်မူးယစ်​ဆေး) ၊​ မောင်စွမ်းထက်​ကျော်က (လူငယ်နှင့်အတတ်ပညာ) ၊ မ​အေးသီရိ​ဆွေက (လူငယ်နှင့်အသိပညာ) ၊ မ​ရွှေရည်ဝင်းက (လူငယ်နှင့်ယဥ်​ကျေးမှု) ၊မ​မေရှင်းသန့်က(လူငယ်နှင့်ဆိုရှယ်မီဒီယာ)​စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးကြပြီး၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိ​ကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်​)