ကြံခင်း ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာ (ဆင်းရွှေကြာ-၂) စံပြကွက် စံကွက်ရိတ်သိမ်းပွဲကို ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ အဆိုပါဆောင်းနေကြာစံပြစိုက်ကွက် တို့တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်းနေကြာ စံပြကွက်စံကွက်ရိတ်သိမ်းရာတွင် မြို့မရပ်ကွက်ရှိ ကွင်းအမှတ်၊ (၁၈၉၆)၊ တောင်သူ ဦးထွန်းလင်း၏ လယ်မြေတွင် ဆင်းရွှေကြာ(၂)၊ တစ်ဧကအထွက်တင်း (၂၁.၄၈)တင်း အားလည်းကောင်း၊ ရွာသစ်ရပ်ကွက်ရှိ ဆောင်းနေကြာ (၁၀)ဧကစံပြကွက် ကွင်းအမှတ် (၁၈၉၆)တွင် တောင်သူ ဦးအောင်သန်း၏ (Super sun-41) တစ်ဧကအထွက် (၂၃.၃၉)တင်းနှင့် တောင်သူဦးမြင့်ဆွေ၏ လယ်မြေတွင် ဆင်းရွှေကြာ (၂)တစ်ဧကအထွက်တင်း (၂၁.၂၆)တင်း ရိတ်သိမ်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်းနေကြာ စံပြကွက်စံကွက်ရိတ်သိမ်းပွဲသို့ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစတိုင်းသာယာနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများတတ်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)