ယင်းမာပင်ခရိုင် ပုလဲမြို့၌ မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်း အဝေး ကျင်းပ

ပုလဲ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၉ နာရီက   ၂၀၂၀ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏  ကိုယ်စားလှယ်များနှင့်  တွေ့ဆုံ၍  မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းကြည်က  လွှတ်တော် ကိုယ်စား လှယ်လောင်းများ၏  ကိုယ်စားလှယ်များအနေဖြင့်  ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ  ကျင်းပနိုင်ရေးအတွက်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ   အတွင်းရေးမှူး      ဒေါ်ခင်ခင်ဆွေက   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့်  ညွှန်ကြား ချက်များနှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ တင်ပြထားသည့် တိုင်ကြားချက်များကို ချပြရှင်းလင်းခဲ့သည်။

ထို့နောက်   လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏   ကိုယ်စားလှယ်များက ဆွေးနွေးမှုများ နှင့် ပတ်သက်၍သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးထွန်းကြည်နှင့်အဖွဲ့ဝင်များက  ပြန်လည်ရှင်းလင်း ဖြေကြား၍  ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ ကြောင်းနှင့်  ပုလဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ  ၈ ရက်မှာ  ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက်  မဲရုံပေါင်း ၁၆၁ ရုံရှိပြီး  မဲဆန္ဒရှင်ပေါင်း ၁၂၆၀၀၀ကျော် ရှိကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)