ဒေးဒရဲမြို့နယ် သံဒိဇီးဖြူကုန်းကျေးရွာလမ်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၊ အကယ်ချောင်းဝရွာဖျားလမ်း ဆောင်ရွက်ပြီးစီးမှုအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာချင်းဆက်လမ်းကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း (၂၀၀) ကျပ်ဖြင့် ကွန်ကရစ်လမ်း အရှည် (၁၁၂၇) ပေ၊ အလျား (၆) ပေ၊ ထု (၆) လက်မရှိ ကျေးရွာလမ်း ခင်းကျင်းပြီးစီးမှုအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက သတ်မှတ်အရည်အသွေးနှင့် အတိုင်းအတာပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း