ဟုမ္မလင်း ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းဆင့် (Grade- 9) အစိုးရစစ်စာမေးပွဲများကို အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ဖေဖော်ဝါရီလ (၂၂ ) ရက်နေ့မှ (၂၈) ရက်နေ့ထိ နံနက်(၉)နာရီက အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ (Grade – 9) စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၇၄၇ ) ဦးရှိပြီး၊ ကျောင်းသားဖြေဆိုသူ (၁၀၃၁ )ဦး၊ ကျောင်းသူ (၁၄၁၇ )ဦး၊ စုစုပေါင်း(၂၄၄၈)ဦး ဖြေဆိုပြီး၊ ပျက်ကွက်သူ (၂၉၉)ဦးရှိကြောင်းနှင့် ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့
ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)