ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကသာ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှု၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ (၃) နာရီခွဲအချိန်က အဆိုပါ ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကသာခရိုင် ပညာရေးမှူး ဦးကျော်ဌေးဝင်းက အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးသျှားညိုက သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာသင်တန်းဖွင့်လှစ်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းနည်းပြ ဆရာ နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)