စစ်ကိုင်းမြို့တွင် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲပဉ္စမနေ့ဖြေဆို

စစ်ကိုင်း ဖေဖော်ဝါရီ ၂၇

၂၀၂၃− ၂၀၂၄ ပညာသင်နှစ်တွင် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ပဉ္စမနေ့တွင် စစ်ကိုင်းမြို့ရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

စစ်ကိုင်းမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-5 အတန်းတွင် စာစစ်ဌာန(၆၄)ခု၌ ကျောင်းသား (၁၃၇၁)ဦး၊ ကျောင်းသူ(၁၆၁၃)ဦး၊ စုစုပေါင်း(၂၉၈၄)ဦး ဖြေဆိုကြပြီး Grade-9 အတန်းတွင် စာစစ်ဌာန (၃၃)ခု၌ ကျောင်းသား (၇၆၀)ဦး၊ ကျောင်းသူ(၁၁၀၄)ဦး၊ စုစုပေါင်း (၁၈၆၄)ဦး အေးချမ်းစွာ တက်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။

စာမေးပွဲဖြေဆိုလျက်ရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား စစ်ကိုင်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်