ထားဝယ်မြို့နယ်တွင် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ထားဝယ် ဖေဖော်ဝါရီ ၂၇

ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင်များအား အသိ ပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးဒေါက်တာအောင်ငွေစံက တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်၊ သိုလှောင်ခြင်းများ မရှိစေရေးအတွက် စသည့် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် နှီးနွယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ထားဝယ်မြို့နယ်အတွင်းရှိ ဆေး ဆိုင်ပိုင်ရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)