အောင်လံ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို စမ်းချောင်းရပ်ကွက် တာဝတိံသာဆွမ်းအသင်းဓမ္မာရုံတွင် ယမန်နေ့က ကျင်းပရာ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမြင့်ဇံနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းနိုင်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ရပ်ကွက်နေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)