ဟားခါး ဖေဖော်ဝါရီ ၂၇
ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဗဟိုစာရင်းအင်အဖွဲ့ရုံးသို့ ပူးပေါင်းဖွင့်လှစ်သော “Training on Basic Statistics with reporting No.1” သင်တန်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ ဖွင့်လှစ်သည့် သင်တန်းသည် ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနအတွက် စာရင်းအင်းဆိုင်ရာလုပ်ငန်း စွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရေးနှင့် အရည်အသွေးပြည့်ဝသည့်စာရင်းများ ထုတ်ပြန်နိုင် ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဤသင်တန်းတွင် Basic Statistics တွင် သရုပ်ဖော်စာရင်းအင်းပညာ (Descriptive Statistics) ကို အသုံးပြု၍ Univariate Data နှင့် Bivariate Data များအား လေ့လာဆန်းစစ်ခြင်းကို သိရှိစေရန်အတွက်လည်းကောင်း၊ Nature and scope of Statistics ၊ Types of data and levels of measurement ၊ Data collection process တို့ကိုသိရှိစေ ရန်အတွက်လည်းကောင်း၊ Summary of Statistics အသုံးပြုပုံများကို Reporting နှင့် တွဲဖက်၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်နိုင်စေရန်အတွက်လည်းကောင်း သင်ကြားပို့ချပေးမည်ဖြစ်သည့် အတွက် အလွန်တန်ဖိုးရှိသည့် သင်တန်းဖြစ်ရာ သင်တန်းတက်ရောက်ခွင့်ရရှိသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စိတ်အားထက်သန်စွာနှင့် တက်တက်ကြွကြွ တက်ရောက်ကြရန်နှင့် အခြားသူများထံသို့ ထပ်ဆင့်သင်ကြားပို့ချနိုင်သည့်အဆင့်အထိ သိရှိနာလည်နိုင်အောင် ကြိုးစားကြ စေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်မည့် ချင်းပြည်နယ် ဗဟိုစာရင်းအင်း အဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုချိုဝင်းက နှုတ်ဆက်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ် ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား နှုတ်ဆက်အားပေးစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် ဌာန (၂၁) ဌာနမှ သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)