မင်းလှ ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များအား ပြည်သူများထံဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ ဗိုလ်ရုံတန်းလမ်းမပေါ်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊တပ်မတော်သားများတို့ပူးပေါင်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးသတင်း စကားလက်ကမ်းစာစောင်များအား ပြည်သူများထံ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများအမှန်တကယ်သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသားဖေါ်ပြလျက်ရှိသော သတင်းတု/ သတင်းမှားများအန္တရာယ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်နှင့် သတင်းအမှန်များကိုသိရှိပြီး အမှား/ အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်စ