အရာတော် ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပင်စင်လစာများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်တွင် အရာတော်မြို့နယ်ရှိ အငြိမ်းစားပင်စင်လစာ ထုတ်ယူသူ ကာကွယ်ရေးပင်စင် (၂၁၇)ဦး၊ မြို့ပြပင်စင် (၆၃၂) ဦး၊ နိုင်ငံရေးပင်စင် (၁၄၇) ဦး၊ ဘဏ်ပင်စင် (၆) ဦး စုစုပေါင်း (၁၀၀၂) ဦးရှိရာ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ထိ ပင်စင်လစာထုတ်ယူသူ စုစုပေါင်း (၄၄၇) ဦးရှိကြောင်း ပင်စင်လစာများကို လစဉ် (၂၁) ရက်နေ့မှ စတင်ထုတ်ပေး လျက်ရှိပြီး ပင်စင်လစာထုတ်ယူရာတွင် အစဉ်ပြေမှုရှိစေရန် တာဝန်ရှိသူများက စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
မြို့နယ် (ပြန်/ဆက်)