စလင်းမြို့​ ကျောင်းကြားရပ်ကွက် ရှင်ပင်ဘုံမကျန်မြတ်စွာဘုရား အာရုံခံတန်ဆောင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ

စလင်း ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျောင်းကြားရပ်ကွက်ရှင်ပင်ဘုံမကျန်  မြတ်စွာဘုရားအား ရုံခံတန်ဆောင်းအတွင်း၌  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ  သိကောင်းစရာဆွေးနွေးပွဲကို  ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမိုးယံမြင့်  ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး သန့်ဇင်၊ မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင်တို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍  ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ  ဥပဒေဆိုင်ရာအကြောင်းအရာများ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်  ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလို  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့်  အကျိုးခံစားခွင့်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍  လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကောလာဟလ သတင်းများပျံ့နှံ့လာမှုအပေါ်  ယုံကြည်မှုမရှိကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်  တက်ရောက်လာကြသည့်ပြည်သူများ၏  မေးမြန်းမှုများကို  တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးရှင်းလင်းခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအားပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေငှခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျောင်းကြားရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း  သိရသည်။

မောင်လွင်(စလင်း)