ရေနံချောင်း ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဆန်ရိက္ခာစားသုံးထုတ်လုပ်မှု ဖူလုံပိုလျှံစေရန်အတွက် အထွက်တိုးနွေစပါးသီးနှံ(ဆာဖိုးသာ) ဧက ၁၀၀ စိုက်ပျိုးမည့် ဖရဲကျွန်းကျေးရွာနှင့် ဘုရားကုန်းကျေးရွာတို့မှ တောင်သူများ အချိန်မီပျိုးထောင်စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ထိုသို့မျိုးစပါးဖြန့်ဝေပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်ကျော်နှင့် ဝန်ထမ်းများက အထွက်တိုးနွေစပါး(ဆာဖိုးသာ)စိုက်ပျိုမည့် တောင်သူ ၁၅၅ ဦး၏ ဧက ၁၀၀ အတွက် တစ်ဧကလျှင် ဆာဖိုးသာမျိုးစပါး တစ်တင်းနှုန်းဖြင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နွေစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း တင်း(၁၅၀)အထိ ရရှိရေးအတွက် မြေပြုပြင်ခြင်း၊ ပျိုးထောင်ခြင်း၊ ပိုးမွှားကျရောက်မှု ကာကွယ်နှိမ်နင်းခြင်း၊ ပျိုးသက်(၂၀)အတွင်း မဖြစ်မနေစိုက်ပျိုးနိုင်ရန်နှင့် ရင့်မှည့်ရိတ်သိမ်းချိန်အထိ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများ လိုက်နာကျင့်သုံးရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)