မြင်းမူ နိုဝင်ဘာ ၃
ပြည်တွင်း/ပြည်ပနေရာအသီးသီးမှ ပြန်လည်ဝင်ရောက်လာသူများကို COVID.19 ရောဂါနှင့် ပါတ်သက်၍စောင့်ကြည့်စစ်ဆေးရန်အတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ (၁၆) ကုတင် ဆံ့တိုင်းရင်းဆေးရုံအား Quarantine Centerအဖြစ် ယာယီဖွင့်လှစ်ထားရှိပြီး ရောဂါစစ်ဆေး ဆောင်ရွက်ခြင်းများဆောင်ရွက်ပေးလျှက်ရှိရာ နိုဝင်ဘာလ(၃)ရက်(ယနေ့)နံနက်ပိုင်းက Quarantine Center ဝင်ရောက်နေသူများထံမှ Swab များရယူကာ မန္တလေးမြို့ရှိ ရောဂါ ရှာဖွေရေးဌာနသို့ပေးပို့ခဲ့သိရှိရသည်။
ယခု Swab များရယူခဲ့သည့် ဒေသခံပြည်သူများတွင် ပြည်ပမှပြန်လည်ရောက်ရှိ လာသူများ မပါဝင်ဘဲ ပြည်တွင်းနေရပ်အသီးသီးမှ မိမိဒေသသို့ပြန်လည်ရောက်ရှိလာသူများ ဖြစ်ကြောင်း နှင့်ရန်ကုန်တိုင်းဒေသကြီးမှပြန်လာသူ(၇)ဦးနှင့် အခြားဒေသမှ(၂)ဦး တို့ဖြစ်ကြောင်း ကျန်းမာရေး ဌာန တာဝန်ရှိသူဆရာမ ဒေါ်ခင်ခင်သန်းထံမှသိရှိရသည်။
ယခုအခါ မြင်းမူမြို့တွင် ရောဂါပိုးတွေ့ရှိရသူတစ်ဦးတစ်ယောက်မျှမရှိကြောင်းနှင့် ရပ်ကွက်နှင့် ကျေးရွာအသီးသီးသို့ ရောဂါပိုးတွေ့ရှိရသည့် မြို့ရွာအသီးသီးတို့မှ ပြန်လည်ဝင် ရောက်လာ သူများအား စစ်ဆေးကြပ်မတ်ပြီး Quarantine Center အသီးသီးသိုပို့ဆောင်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)