နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ         

နတ်မောက် ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်၌ ဆွေးနွေးပြုလုပ်ခဲ့သည်။      

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာအသိပညာပေးပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း၏ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန်ကာလ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ဉပဒေအရာရှိ ဦးငြိမ်းချမ်းထွန်းက ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သက်သည့် ဉပ‌ဒေပါအဓိပ္ပါယ်ဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက လုံခြုံသတိလုံခြုံရေးအသိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်နေပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

လှဝင်း