ဘိုကလေး ဖေဖော်ဝါရီ ၂၆
၂၀၂၄ခုနှစ် မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ နိုင်ငံအဝန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၈)ခု ဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ စာစစ်ဌာန (၈)ခုအနက် ဘိုကလေးမြို့ပေါ် စာစစ်ဌာန(၂)ခုပါဝင်ပြီး ကျန်ရှိသည့် စာစစ်ဌာန (၆) ခုမှာ ကျေးရွာစာစစ်ဌာနများဖြစ်ကြောင်း၊ မြို့ပေါ်စာစစ်ဌာန (၂) ခုမှာ အ.ထ.က (၁) စာစစ်ဌာနနှင့် အ.ထ.က (၂) စာစစ်ဌာနဖြစ်ပြီး ကျေးရွာ စာစစ်ဌာန (၆) ခုမှာ အ.ထ.က - မြင်းကကုန်း၊ အ.ထ.က - စက်ဆန်း၊ အ.ထ.က - အောက်လှည်းဆိပ်၊ အ.ထ.က - ဟေမာန်၊ အ.ထ.က - ရုပ်ဆိုင်၊ အ.ထ.က - ပေချောင်းကြီး စာစစ်ဌာနများဖြစ်ကြောင်း သိရသည်။
ယခုနှစ် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘိုကလေးမြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူဦးရေ (၇၈၀)ဦး၊ ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား/သူ ဦးရေ (၂၆)ဦး၊ စုစုပေါင်း (၈၀၆)ဦး ရှိကြောင်း ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မိုးစက်(ပြန်/ဆက်)