ဓနုဖြူ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၂) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးငယ်များ ကူးစက်ရောဂါမှ ကာကွယ်ရန် နှင့် ကျန်းမာရေးအသိရှိစေရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီ ရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောကအမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)