မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦး ဆေးရုံဆင်းခွင့်ရ

ရေနံချောင်း နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦးမှာ ကျန်းမာရေးကောင်းမွန်သည့်အတွက် ယမန်နေ့က မြို့နယ်ဆရာဝန်ကြီးမှ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဆပ်ကော်မတီ သတင်းမှန်ပြန်ကြားရေးအဖွဲ့က သိရသည်။

ရေနံချောင်းမြို့နယ်အတွင်း ပြည်လည်ရောက်ရှိလာသော နေရပ်ပြန်များအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ Quarantine Centre  များတွင်ထားရှိပြီး နှာခေါင်း၊အာခေါင်တို့ဖတ်နမူနာများ ရယူစစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ပိုးတွေ့သူများအား ဆေးရုံတက်ရောက်ကုသမှုခံယူသူများအနက် ဆေးရုံဆင်းခွင့်ရ အတည်ပြုလူနာ ၁၁ ဦးမှာ ပေတောကျေးရွာမှ ၇ ဦး၊ ရုံးဆိပ်ကျွန်းကျေးရွာမှ ၄ ဦး ဖြစ်သည်။ ဆေးရုံဆင်းခွင့်ရလူနာများအား နေအိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့် ၇ ရက် ဆက်လက်ထားရှိသွားမည်ဖြစ်သည်။

ကိုစိုးကြီး