ဝေါ ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ဆည်ရေသောက်စိုက်ဧရိယာများတွင် တစ်နှစ်(၃)သီးစား စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်းကွင်းဆင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၉ နာရီက ကျိုက်လှကျေးရွာရှိ ကွင်းအမှတ်(၆၈၇က)၊ ဦးပိုင်အမှတ်(၃/၇)၊ တောင်သူ ဒေါ်ရီစိန်၏ လယ်၌ ကျင်းပသည်။
ထိုသို့ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်းကွင်းဆင်းသရုပ်ပြပွဲကို ပဲခူးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ဥမ္မာဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကိုနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ နွေစပါးစိုက်တောင်သူများ တက်ရောက်ကြည့်ရှု လေ့လာကြသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လက်ဆွဲကောက်စိုက်စက်အတွက် ပျိုးထောင်ထားရှိမှုများ၊ စွပ်ခူးထားသည့် ပဲတီစိမ်းများ၏အထွက်နှုန်းများ၊ အရည်သွေးများကို လိုက်လံကြည့်ရှုကြကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)