ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ယနေ့နံနက်ပိုင်းက မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အောင်သုခရပ်ကွက် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း အေးသုခဓမ္မာရုံနှင့် ကညင်ပင်ကျေးရွာ စန္ဒာရုံဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ယာယီနေရပ်စွန့်ခွာသူပြည်သူများနှင့်အသက် (၄၀)နှင့်အထက် သက်ကြီးရွယ်အိုများ၊ သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူများ၊ နာတာရှည်ဝေဒနာရှင်များ စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ်ဆေးမှုများခံယူနိုင်ရန် စစ်ဆေးဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်ဆေးကုသမှုများခံယူနိုင်စေရန် ဆောင်ရွက်ပေးခြင်းနှင့်ကျန်းမာရေးအသိပညာပေးခြင်းများကို မြို့နယ်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး သွားတိုက်ဆေးဘူးများ၊ ဆပ်ပြာခဲများနှင့် ရေစစ်များကိုလည်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)