သံတောင်ကြီး ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယမန် နေ့နေ့လယ်(၁)နာရီအချိန်က ကျောင်းသူ/ကျောင်းသားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် မိမိတို့၏ တိုင်းရင်းသားဘာသာစကားကိုတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၀)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား (၉)ဦး၊ ပုံတူပန်းချီပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၀) ဦးတို့ကပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ