သာပေါင်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ သဲဖြူကုန်းကျေးရွာ၌ 3 phase 5 wire insulated Cable 95mm2, 35mm2 တို့ဖြင့် (400V)လိုင်းတည်ဆောက်ခြင်း၊ ပေ(1300) လိုင်းလုပ်ငန်း ၁၀၀% ပြီးစီးမှုအား ခရိုင်မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစစ်ဆေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်တို့က ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ခရိုင်မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၊ ပုသိမ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးခင်ဇော်၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်သူမင်း၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် မြိုနယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်တို့က လှေကြီးတတ်ကျေးရွာအုပ်စု၊ သဲဖြူကုန်းကျေးရွာတွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အတွက်ရန်ပုံငွေ သိန်း(၉၀၀)မှ သိန်း (၁၅၀) ဖြင့် 3 phase 5 wire insulated Cable 95mm2, 35mm2 တို့ဖြင့် (400V)လိုင်း တည်ဆောက်ခြင်း၊ ပေ(1300)လိုင်းလုပ်ငန်း ၁၀၀% ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်