မြို့သစ်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်း(Grade-5)နှင့် (Grade-9) အတွက် နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

မြို့သစ် ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်း(Grade-5)နှင့် (Grade-9)အတန်းများ၏ နှစ်ဆုံးစာ​မေးပွဲများကို ယမန်နေ့ကစတင်၍ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်း(၁၉၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၁၉၂)ကျောင်းရှိပြီး Grade-5 တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၃၅၉)ဦး၊ ဖြေဆိုသူ(၃၂၃၄)ဦး၊ ပျက်ကွက်သူ(၁၂၅)ဦး၊ Grade-9 တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၉၁၉)ဦး၊ ဖြေဆိုသူ(၁၈၂၃)ဦး၊ ပျက်ကွက်သူ(၉၆)ဦး၊ Grade-5 နှင့် Grade-9 အတွက် စုစုပေါင်းစာရင်းရှိ(၅၂၇၈)ဦး၊ ဖြေဆိုသူ(၅၀၅၇)ဦး၊ ပျက်ကွက်သူ(၂၂၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)