ညောင်တုန်း ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့မိမြို့ဖအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း တည်ငြိမ်အေးချမ်း၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့မိမြို့ဖအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)