ညောင်တုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ညောင်တုန်း ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade -9 နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများအလိုက် ကျင်းပလျက်ရှိသည်။

ညောင်တုန်းမြို့နယ်အတွင်း Grade-5 နှစ်ဆုံးစာမေးပွဲ စာစစ်ဌာန (၁၀၁) ခုနှင့် Grade -9 နှစ်ဆုံး စာမေးပွဲစာစစ်ဌာန (၃၆) ခုရှိပြီး အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ Grade-5 (၃၃၂၂) ဦးနှင့် Grade-9 (၁၆၂၁) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၉၄၃) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်ဆက်)