မအူပင် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရတိုက်ကျွေးခြင်း၊ ကိုဗစ်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများအား ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၃) ရပ်ကွက်ရှိ နယ်မြေမီးသတ်စခန်း၌ ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြာကြားပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရတိုက်ကျွေးနေမှု၊ ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)