တောင်ငူမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအ​စည်းအဝေးကျင်းပ

တောင်ငူ ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က တိုင်းဒေသကြီးအစည်းအဝေး လမ်းညွှန်မှာကြားချက်များ၊ ကျူးကျော်များအား အချိန်မီတားဆီးနိုင်ရေး၊ နွေစပါးစိုက်ဧကများ ရေလုံလောက်စွာရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကျော်ဝင်းက မြို့သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်မည့်လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို