ရွှေသောင်ယံ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၄ ခုနှစ် အခြေခံပညာ Grade-9 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက်(၉)နာရီအချိန်တွင် ပထမနေ့(မြန်မာစာ) စတင်ဖြေဆိုလျက်ရှိသည်။
ထိုသို့ဖြေဆိုရာတွင် ရွှေသောင်ယံမြို့ပေါ်ရှိ အ-ထ-က ရွှေသောင်ယံစာသင်ကျောင်း၌ လည်းကောင်း၊ သဲကုန်းကျေးရွာအုပ်စုရှိ အ-ထ-က အုန်းချောင်းစာသင်ကျောင်း၌ လည်းကောင်း၊ သပေါ့ကန်ကျေးရွာအုပ်စုရှိ အ-ထ-က သပေါ့ကန်စာသင်ကျောင်း၌လည်းကောင်း ဖြေဆိုမည့် စာသင်ခန်းများ ကောင်းမွန်သပ်ရပ်စွာ ပြင်ဆင်ထားခြင်းရှိ/မရှိ၊ မေးခွန်းလွှာများ ထိန်းသိမ်းရာ တွင် လုံခြုံမှုရှိ/မရှိတို့ကို ယမန်နေ့က မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)