သာပေါင်းမြို့နယ် ငါးသယံဇာတ၊ ရေသယံဇာတတိုးပွားစေရေးအတွက် ဥတိုအဝပိုင်း အင်းရေပြင်ကျယ်အတွင်းသို့ ငါးသား‌ပေါက်ကောင်ရေ ၁၅၀၀၀၀ ငါးမျိုးစိုက်ထည့်

သာပေါင်း ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတ ရေသယံဇာတတိုးပွားစေရေးနှင့် မပြုန်းတီးတိုးပွားပေါများလာစေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ငါးရိက္ခာပိုမိုဖူလုံလာစေပြီး စားသုံးမှုမြင့်မားလာနိုင်ရေးအတွက် ရည်ရွယ်၍ အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဇီးပင်ကွင်း ကျေးရွာအုပ်စု၊ ဥတို အဝပိုင်း အင်းရေပြင်ကျယ်အတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ကြသည်။

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်၊ အတွင် းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းနှင့် ဌာနဆိုင်ရာတို့က အင်းလုပ်သားကြီးများ လက်ဝယ်သို့ ငါးမျိုးစိတ်များ လွှဲပြောင်းပေးအပ်ကြပြီး ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က ဇီးပင်ကွင်းကျေးရွာအုပ်စု၊ ဥတိုအဝပိုင်း အင်းရေပြင်ကျယ်အတွင်းသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီး နှစ်လက်မအရွယ် ငါးသားပေါက် ကောင်ရေ ၁၅၀၀၀၀ တို့အား စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း