ကသာမြို့နယ်တွင် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကသာ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့နံနက်(၉)နာရီခွဲ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

သင်တန်းဖွင့်ပွဲအမ်းအနားတွင် ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းဆွေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားရာ၌ ယခုသင်တန်းမျိုးသည် ကျေးလက်နေပြည်သူများနှင့် မြို့ပြအခြေခံ လူတန်းစားမျးအတွက် စီးပွားရေးလုပ်ငန်းတွင် အထောက်အကူပြုနိုင်ရန် ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ပါကြောင်း၊  ဒေသတစ်ခု ထွက်ကုန်တစ်ခုပေါ်ပေါက်လာစေရေး၊  အသေးစားစက်မှု လက်မှုလုပ်ငန်းငယ်များ ပေါ်ထွန်းလာစေရန်၊ မိသားစုအပိုဝင်ငွေတိုးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းကို လူငယ်လူရွယ်များဦးဆောင်ပြီး လူငယ်ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းပြီးမြောက်သွားပါက အမှန်တကယ်စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူ သင်တန်းသား (၅)ဦးအား ထောက်ပံ့ပေးသွားနိုင်ရေး ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို (၂၁-၂-၂၀၂၃)ရက်နေ့မှ (၂၅-၂-၂၀၂၃)ထိ ကသာခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ယာယီသင်တန်းခန်းမတွင် သင်တန်းသား/ သင်တန်းသူ(၂၀)ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)