ငပုတောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား စားသုံးဆီနှင့်ဆန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေး

ငပုတော ဖေဖေါ်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီနှင့်ဆန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ရုံးရှေ့ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့သို့ရောင်းချပေးရာတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား စားသုံးဆီနှင့်ဆန်များ စျေးနှုန်းသက်သာစွာရောင်းချပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)