ဝါးခယ်မ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး အာဟာရဒါနကျွေးမွေးခြင်းနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ဆန်နှင့်ဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ လစဉ်(၂၁)ရက်နေ့တွင် ပင်စင်လစားများ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်စားဦးရေ စုစုပေါင်း(၂၇၈၅)ဦးရှိသည့်အနက် ယနေ့ထိလာရောက်ထုတ်ယူသူ (၅၀၀)ဦးခန့်ရှိကြောင်း ကျန်ရှိသူများအား ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)