လေးမျက်နှာမြို့နယ်တွင် သဘာဝ‌ဘေးရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

လေးမျက်နှာ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိင်ရန် ရည်ရွယ်၍ သဘာဝဘေးရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်က မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပါက ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိရာ သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပေါ်လာပါက  ယခင်ထက် ပိုမို၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မွမ်းမံသင်တန်းများ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်း က သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများနှင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းမှူးအဖြစ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်းက ဦးဆောင်၍ နည်းပြ(၃)ဦးတို့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)