အောင်လံမြို့၌ သရက်တောရပ်ကွက်ရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေး

အောင်လံ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ သရက်တောရပ်ကွက်ရှိပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက သရက်တောရပ်ကွက် ဗိုလ်ကုန်းဓမ္မာရုံတွင်ပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်ဥပဒေအရာရှိ၊ မြို့မရဲစခန်းမှူးနှင့် ပြည်သူအယောက်(၁၅၀)ဦးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန်ကာလ စသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးမြင့်ဇံက ပြည်သူ့စစ်မှုဥပဒေနှင့်ပတ်သက်သည့် ဥပဒေပါအဓိပ္ပာယ်ဖော်ပြချက်များကိုရှင်းလင်းပြောကြား ခဲ့ပြီး မြို့ရဲစခန်းမှူး ဒုရဲမှူးသိန်းနိုင်က နယ်မြေလုံခြုံရေးနှင့် ပတ်သက်၍ လုံခြုံရေးအသိရှိကြစေရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)