ကရသူရိ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးသတိပြုဆောင်ရွက်နိုင်ရေးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် 191 Sticker များကပ်ခြင်းဆောင်ရွက်မှု ကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ကရသူရိမြို့ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးနှင့်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများ၊ ခရီးသွား/လာပြည်သူများနှင့် နေအိမ်များသို့ မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေး ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများတွင် မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်နိုင်သည့် 191 စာသားပါ Sticker ကပ်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ခြင်းသည် ပူးပြင်းသောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများမီးလောင်မှုကြောင့် ဆုံးရှုံးနစ်နာမှုများမရှိစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)