ကရသူရိ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းများနှင့် သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (PFIZER) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်မှစ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကရသူရိမြို့ တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမအကြိမ်ထိုးနှံပြီးစီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် သံဃာတော်များအား ဆဋ္ဌမအကြိမ်မြောက် (PFIZER) ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အချက် အလက်များ မှတ်တမ်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ (PFIZER) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ ပုလင်းလျှင် လူ(၇)ဦးနှုန်းဖြင့် ထိုးနှံရပြီး လတ်တလောတွင် ကရသူရိမြို့အတွက် ဆေး(၅)ပုလင်းရရှိထားပြီး နိုင်ငံ့ဝန်ထမ်း(၃၃)ဦးနှင့် သံဃာတော်(၂)ပါးအား ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ဆက်လက်၍ ဆေးမှာယူကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တိုက်နယ်တာဝန်ခံဆရာဝန်ထံမှ သိရသည်။
ကရသူရိ(ပြန်/ဆက်)