ရွှေကျင် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ(Book Club)၊ (Woman Club)အဖွဲ့များပူးပေါင်း၍ စာရေးဆရာသုတေတီဘုန်းမြင့်သွေးရေးသားသည့် "လူနေချုံကြား စိတ်နေဘုံဖျား" စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဲစုအောင်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာပြီး စာပေများကိုလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွား၍ စာပေချစ်သူများတစ်ဦးနှင့်တစ်ဦးပြန်လည်မျှဝေခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရရှိလာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသော (Book Club)အဖွဲ့ဝင် မောင်လှရောင်ဘုန်းမြတ်၊ (Woman Club)အဖွဲ့ဝင်ဒေါ်ခင်ထွေး၊ မသဇင်၊ မခင်သူဇာတို့က "လူနေချုံကြား စိတ်နေဘုံဖျား" စာအုပ်ပါအကြောင်းအရာများကို မိမိတို့၏ ခေါင်းစဉ်အလိုက်ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များကလည်း ခေါင်းစဉ်တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)