ဇလွန်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်သွားလာစေရေးနှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဇလွန်  နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်သွားလာစေရေး၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဇလွန်မြို့ အဝင်ဂိတ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ်အတွင်းသို့ ဝင်/ထွက် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ အသုံးပြုသွားလာကြသော ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်သွားလာစေရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ခရီးသွားထောက်ခံချက်ပါ / မပါ စစ်ဆေးခြင်း၊ ခရီးသွားလာသူများ၏ နေရပ်လိပ်စာများ ရယူမှတ်တမ်းထားရှိခြင်း၊ ကျန်းမာရေးထောက်ခံချက်ပါရှိမှုများ စစ်မေးခြင်း၊ ခိုင်လုံသော အထောက်အထား ထောက်ခံချက်များမပါရှိပါက လာသည့် နေရပ်သို့ ပြန်လည်စေလွှတ်ခြင်း လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဝင်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)