အုတ်ဖို ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်ဦးဆောင်၍ အုတ်ဖိုမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အုတ်ဖိုမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ အ.ထ.က (အုတ်ဖို) စာစစ်ဌာန၊ အ.ထ.က (အေးမြသာယာ) စာစစ်ဌာနနှင့် အ.ထ.က (အိုးသည်ကုန်း) စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေချိန်အတွင်း အေးခြမ်းစွာ ဖြေဆိုနိုင်ရေး မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)