တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇)အချိန်က စတင်ထုတ်ပေးလျက်ရှိသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြို့နယ်စီးပွားရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာ ဦးတင်အောင်မိုးနှင့် ဝန်ထမ်းများမှ ဖေဖော်ဝါရီ (၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက်(၇)နာရီမှ မွန်းလွဲ(၂)နာရီအထိ အငြိမ်းစားဝန်ထမ်း (၂၄၅၁)ဦးခန့်တို့၏ ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)