နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစ(၂)လမှ အသက်(၁) နှစ်အောက် ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

လဟယ်  နိုဝင်ဘာ  ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးပြီး အသက်(၂) လမှ တစ်နှစ်အောက်က‌လေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန် ကာကွယ် ဆေးထိုးနှံခြင်း ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးကို မြို့ပေါ် ရပ်ကွက်(၄) ရပ်ကွက်တွင် ထိုးနှံခြင်းဖြစ်ပြီး မွေးကင်းစ အသက်(၂)လမှ တစ်နှစ်အောက်ကလေးသူငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးနှံကာ ကိုယ်ဝန် ဆောင် မိခင်များကို ပုံမှန်ကာကွယ်ဆေးနှင့် မေးခိုင်ကာကွယ် ဆေးထိုးပေးခဲ့ကြောင်း သိရပါ သည်။

ပါမင်းလိုင်(လဟယ်)