ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မော်လမြိုင်ကျွန်းမြို့နယ် စက်မှုလယ်ယာဧက (၁၀၀)အား တောင်သူများထံသို့ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် စက်မှုလယ်ယာ စနစ်ကျလယ်မြေဧက (၁၀၀)အား တောင်သူများထံ ပေးအပ်ပွဲအခမ်းအနားသို့ ယမန်နေ့က တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မှာစကားပြောကြားရာ  ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧကများအား နယူးဧရာ (၁)မျိုးစပ်  အပြည့်အဝထည့်သွင်းစိုက်ပျိုး သွားမည်ဖြစ်၍  မျိုးစေ့များထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မျိုးကောင်း၊ မျိုးသန့်များ ရရှိနိုင်အောင် ဖန်တီးပေးခြင်း၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ပေးခြင်း၊ သင့်လျော်သော မြေဩဇာများပေးနိုင်ခြင်း၊ စိုက်ပျိုးရေနှင့် မြေအောက်ရေကို လုံလောက်စွာရရှိနိုင်ခြင်း၊ စိုက်နည်း စနစ်များ မှန်ကန်မှုရှိစေရေး၊ ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပြီး ကောက်စိုက်သမများ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စပါး (၃) သီးစိုက်သွင်း အားစုများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)