တောင်ငူမြို့၌ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

တောင်ငူ ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ညောင်ပင်လေးစျေးတွင် ယနေ့နံနက်ပိုင်းက ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ထွေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ် (၃၆) မူးယစ်တပ်ဖွဲ့စု၊ ပဲခူးနှင့် အမှတ် (၁၂) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (တောင်ငူခရိုင်) တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်များ၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးလက်ကမ်းစာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။

ထိုနောက် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမှတ် (၂၀) ရပ်ကွက်၊ မြန်မာနိုင်ငံတော် ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ တောင်ငူသာသနာပိုင်နယ်ရုံးရှိ စစ်ဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများ၊ မွေးရာပါမျက်စိမမြင် ကလေး (၁) ဦး၊ ခြေထောက်မီးလောင်ကလေး (၁) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၄) ဦးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို