ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြိုတင်မဲပေးနေမှုများ အား တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟုမ္မလင်း    နိုဝင်ဘာ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ တွင် ကြိုတင်မဲပေးနေမှုများအား  ယနေ့ နံနက်ပိုင်းက ခန္တီးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးဇော်ထွန်းနိုင်၊ ဟုမ္မလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရွှေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင်  ဟုမ္မလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရွှေနှင့် အဖွဲ့ဝင်များက ဟုမ္မလင်း မြို့ပေါ် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အသက်ခြောက်ဆယ်နှင့်အထက် ပြည်သူများ ကြိုတင် မဲပေးနေမှု အခြေအနေ များအားလိုက်လံ ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ရန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ရွက်ကြရန်  လမ်းညွှန်မှာကြားခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် မဲရုံပေါင်း( ၁၈၃)ရုံ ဖွင့်လှစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး ကြိုတင်မဲ ပေးကြမည့် အသက် (၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်ဦးရေ ယနေ့အထိ ( ၁၂၄၇၇)ဦးရှိကြောင်း သိရသည်။

ချန်လော( ဟုမ္မလင်း ပြန်/ဆက်)