အောင်လံမြို့၌ ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်လှစ်

အောင်လံ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၇၁) ခြေလျင်တပ်ရင်း တပ်ရင်းခန်းမဆောင်တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ကောင်းဇော်ထက်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က ရပ်/ရွာကာကွယ်ရေးနှင့် ပြည်သူ့စစ်ဌာနေများ၏ တာဝန်များကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)သင်တန်းသား အင်အားအယောက်(၂၀)ဦးအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)