အိမ်မဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

အိမ်မဲ ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လယ်ပေါ်ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များကို လယ်ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ပူးပေါင်း၍ လယ်ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့ပြီး ယင်းလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ စိုးရိမ်ရန်မလို၊ ပြည်သူ့စစ်မှုထမ်းခြင်း ဥပဒေအရ အစရှိသည့် ခေါင်းစဥ်များ ပါဝင်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များကို အိမ်မဲမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇)အုပ်စုတို့တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)